မတ်ပဲနှင့်ပဲစင်းငုံ
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲ(တစ်တန်) ဈေးနှုန်းများမှာ မတ်ပဲ FAQ/RC (2024 Crop) ၂,၉၈၇,၀၀၀ ကျပ်၊ မတ်ပဲ SQ/RC (2024 Crop) ၃,၃၀၀,၀၀၀ ကျပ် နှင့် ပဲစင်းငုံ Red/ RC(2024 Crop) ၂,၇၇၈,၀၀၀ ကျပ် ဈေးဖြစ်ခဲ့ သည်။ တစ်ပတ်အတွင်း မတ်ပဲ FAQ/RC (2024 Crop) ကျပ် ၃၃,၀၀၀ ကျပ်၊ မတ်ပဲ SQ/RC (2024 Crop) ၃၅,၀၀၀ ကျပ်နှင့် ပဲစင်းငုံ Red/ RC(2024 Crop) ၆၇,၀၀၀ ကျပ် အသီးသီးဈေးကျဆင်းခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ မတ်ပဲ FAQ/RC (2024 Crop) ကွန်တိန်နာ ၆၅ လုံး (တန်ချိန် ၁၅၆၀) နှင့် ပဲစင်းငုံ Red/ RC(2024 Crop) ကွန်တိန်နာ ၁၅ လုံး (တန်ချိန် ၃၆၀) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် မတ်ပဲ FAQ/RC (2024 Crop) ကွန်တိန်နာ ၈၀ လုံး (တန်ချိန် ၁၉၂၀) နှင့် ပဲစင်းငုံ Red/ RC(2024 Crop) ကွန်တိန်နာ ၂၅ လုံး (တန်ချိန် ၆၀၀) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် မတ်ပဲကွန်တိန်နာ ၁၅ လုံး (တန်ချိန် ၃၆၀) နှင့် ပဲစင်းငုံ Red/ RC(2024 Crop) ကွန်တိန်နာ ၁၀ လုံး (တန်ချိန် ၂၄၀) ပိုမိုဝင်ရောက်ခဲ့ကြောင်းသိရသည်။
ငရုတ်
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီး ( တစ်ပိဿာ ) ဈေးနှုန်းများမှာ ပန်းရဲငရုတ် (သစ်) AC ၇,၅၀၀ ကျပ်၊ မြားနီ ၉,၀၀၀ ကျပ်၊ ဆင်ဖြူကျွန်း (ပု) ၁၇,၀၀၀ ကျပ်၊ မိုးထောင်မြစ်ဝပု ၁၀,၅၀၀ ကျပ်နှင့် မြစ်ဝပု(သစ်) ၁၅၅၀၀ ကျပ် ဈေးအသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ငရုတ်သီးများ ဈေးငြိမ်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့ ယခင်အပတ်က ငရုတ်ရှည် အိတ်ပေါင်း ၁၅၀၀ (၃၀,၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ငရုတ်ရှည် အိတ်ပေါင်း ၁၈၀၀ (၃၆,၀၀၀ ပိဿာ)ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ငရုတ်ရှည်အိတ်ပေါင်း ၃၀၀ (၆,၀၀၀ ပိဿာ) ပိုမိုဝင်ရောက်ခဲ့ကြောင်းသိရသည်။
မန်ကျည်းသီး
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မန်ကျည်းသီး (တစ်ပိဿာ) ဈေးနှုန်းများမှာ မန်ကျည်းသီးပွင့်ကပ် (သစ်) ၆၂၀၀ ကျပ်နှင့် မန်ကျည်းအသား(သစ်) ၉၅၀၀ ကျပ် အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မန်ကျည်းများ ဈေးငြိမ်လျက် ရှိသည်။
ထန်းလျက်၊ ကြံသကာနှင့် သကြား
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ထန်းလျက်၊ ကြံသကာနှင့် သကြား(တစ်ပိဿာ) ဈေးနှုန်းများမှာ တောင်သာမလိုင်(ဒုံး) ၅၆၀၀ ကျပ်၊ ညောင်ဦးဆေးရှယ်(ထန်း) ၇၀၀၀ ကျပ်၊ ပခုက္ကူကြမ်း (သစ်) ၅၅၀၀ ကျပ်၊ ရေစကြို ထန်းလျက်(သစ်) ၇၀၀၀ ကျပ်၊ ကြံသကာ ၅၂၀၀ ကျပ်နှင့် သကြား(ပြည်တွင်း) ၄၉၀၀ ကျပ် ဈေးအသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ထန်းလျက်၊ ကြံသကာ နှင့် သကြားများ ဈေးငြိမ်လျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး